မနေ့က Kuopio က ရတနာသုခကျောင်း ဝါဆို သကန်းကပ်လှူခွင့်ရခဲ့တဲ့အပြင် စိတ်ထားကောင်းတဲ့ ယဉ်ကျေးမှု မမေ့တဲ့ မြန်မာအများကြီးတွေ့ခွင့်ရခဲ့တယ်။
Finland မှာမွေးထားတဲ့ကလေးတွေကို မြန်မာလိုဘဲပြောနေတဲ့ ကလေးတွေကလဲ မြန်မာစကားသေချာနားလည်တာတွေ့ရတာ တကယ်ဝမ်းသာစရာပါ။ တိုင်းပြည်အတွက်ဆုံးရှုံးနစ်နာမှုတွေထဲက အနစ်နာဆုံးက ပညာတတ်တွေ သူများနိုင်ငံသားဖြစ်ကုန်တာပါဘဲ။
ရောက်တာကြာနေပီး အိမ်ပိုင်လေး ကိုယ်ပိုင်လုပ်ငန်းတွေနဲ့အခြေကျနေတဲ့ မြန်မာတွေက online မှာ လုံးဝ silent နေကြတာ ကူညီစရာရှိရင် စိတ်ပါလက်ပါကူညီကြတာတွေ အတုယူရပါတယ်။
ရောက်လာခါစကလေးတွေ အချိန်တန်. Finnish တတ်မှာမို့ မြန်မာစကားမမေ့အောင်ပြောနေကြတာ. မြင်တော့ ရောက်တာမကြာသေးဘဲ မြန်မာလိုမပြောတတ်တော့တဲ့သူတွေတောင်သွားသတိရမိသေး🤭 Kuopio ကလူတွေဖော်ရွေလွန်းလို့ Kuopio မှာနေချင်စိတ်ပါပေါက်မိတဲ့အထိပါဘဲ Finland ရောက်ရောက်ချင်း ကိုယ်တွေ့ရတဲ့ မြန်မာတွေကရိုက်ချက်ပြင်းလွန်းတာကိုး သတိပေးစရာက တစ်နှစ် Visa သမားတွေ ကေလးမယူကြပါနဲ့ Visa Type A မရမချင်း ကလေးမွေးဖို့ ယောင်လို့တောင် မတွေးစေချင်ပါဘူး။
၁..ကိုယ်ဝန်နဲ့မိန်းမကိုဘယ်သူကအလုပ်ခန့်မလဲ။
၂..တနှစ် Visa မို့ စိတ်ကောကိုယ်ပါနှစ်ပီး ရောက်ထဲကကြိုးစားရမှာပါ။
၃.မိသားစုအတူလာပါ။
၄..ကလေးမွေးရင် Finland citizen မရပါဘူး။
၅..ကုန်ကျစရိတ် ယူရို တသောင်းခွဲပါ ဘာလက်ဆောင် box မှမရပါ။
၆. တနှစ် Visa နဲ့ ကျောင်းပီးရင်အလုပ်ရှာခွင့် တနှစ်တို့ ကလေးမွေးရင်ယောကျ်ား Visa ရတာတို့ မယုံကြပါနဲ့။
၇..လူတစ်ယောက်တည်းရဲ့ Info ကိုမယုံပါနဲ့ တတ်နိုင်သမျှ Info စုပါ..ဘယ်ဟာအမှန် ဘယ်ဟာအမှား ကိုယ်ဘာသာခွဲခြားပီး ကိုယ်လျှောက်လမ်းကိုရွေးပါ။
၈.ဖြစ်သမျှ ဒုက္ခတွေကမိမိသာခံရမှာမို့ Finland ရောက်တိုင်းနတ်ရေကန်ထဲခုန်ချပီးအစိုးရကအစစတာဝန်မယူပါ။
၉.ကလေးမွေးပီး ၁၅၀၀၀ မပေးနိုင်ရင် ကလေးကိုအစိုးရကသိမ်းပါတယ် ပိုက်ဆံပေးနိုင်မှ ကလေးကိုစာတင်ပီးပြန်တောင်းလို့ရတာပါ။
၁၀. အခုရေးတာတွေက အမှန်တွေ လက်တွေ့ခံစားနေကြတာမို့ လူမုန်းတော့များပါလိမ့်မယ်။
အရာရာလွှတ်ချပီးလာရတဲ့မိသားစုတစ်စုဘဲ အသိဝင်ဝင် လမ်းမှန်ရောက်ရောက်ဆိုတဲ့စိတ်နဲ့ရေးတာပါ.. တစ်နှစ် Visa. နဲ့လာတယ် မိသားစုမခေါ်လာဘူး ကိုယ်ဝန်ယူလိုက်တယ်..ဒါဆိုယောကျ်ားနဲ ကလေး Visa ရပီထင်ပီး တစ်နှစ်လုံးကိုယ်ဝန်နဲ့မို့အလုပ်လဲလုပ်မရ ဒီတိုင်းနေနေရက အခုနောက်ထပ် Visa ရဖို့ ကျောင်းလခ ၁၀၀၀၀ လောက်ရယ် ကလေးမွေးဖို့ ၁၅၀၀၀ ရယ် ကုန်တော့မဲ့ သနားစရာညီမလေးမိသားစုလိုမျိုး ထပ် ဒုက္ခတွေမရောက်ကြပါစေနဲ့လို့ လေးလေးနက်နက်အသိပေးပါတယ်။
အကြမ်းဖျဥ်းသဘောရေးလိုက်တာပါ..အလုပ်က phillipino တွေပြောပြတာတော့ သူတို့ လူမျိုးထဲက student ၁နှစ် Visa နဲ့ ၂ယောက်လုံးအလုပ်မရှိတော့ Bill အတွက်. Free ရအောင် request လုပ်ပါတယ်တဲ့။ သူတို့မစောင့်ရှောက်နိုင်ရင် Government ကယာယီစောင့်ရှောက်ပေးမဲ့သဘောပေါ့ မိခင်ကလဲမွေးဖွားပီး ကျမ်းမာရေးမကောင်းတော့ ဆေးရုံဆက်နေရပါတယ်တဲ့။
COMMENTS