🇫🇮 Finlandနိုင်ငံကိုလာကြတဲ့ ရည်ရွယ်ချက်တွေထဲကတစ်ခုဖြစ်တဲ့ ဖင်လန်နိုင်ငံသားခံယူခြင်းနှင့်ပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုမျှဝေပေးပါမယ် နေထိုင်အခြေချမှုအချိန်အတိုင်းအတာတစ်ခုပြည့်လို့ ဖင်လန်နိုင်ငံသားလျှောက်တဲ့အခါ ဘာသာစကားစံသတ်မှတ်ချက်တစ်ခုလိုအပ်ပါတယ်။
များသောအားဖြင့်သိထားကြတာ နိုင်ငံသားလျှောက်တဲ့အခါ YKI (language proficiency)ကိုမဖြစ်မနေပြန်ဖြေဖို့လိုအပ်တယ်ဆိုတာပါ ဒါကလည်းဖြေဖို့လိုအပ်သူဆိုမှဖြေရမှာပါ (လူတိုင်းမဖြစ်မနေမဟုတ်ပါ) နိုင်ငံသားလျှောက်တဲ့အခါဒီဘာသာစကားလိုအပ်ချက်နေရာကိုဘယ်လိုcertificateတွေနဲ့တစ်ခါတည်းလျှောက်နိုင်လည်းဆိုတာ မျှဝေ ပေးသွားပါမယ်။
🔴 No.2- 6ထဲကအချက်တွေထဲကတစ်ခုခုနှင့်ညီမျှတဲ့အရည်အချင်းအောင်လက်မှတ်ရှိရင်YKI testဖြေစရာမလိုပါဘူး။ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞ဖြစ်တဲ့ 𝐅𝐢𝐧𝐧𝐢𝐬𝐡 𝐨𝐫 𝐒𝐰𝐞𝐝𝐢𝐬𝐡 ဘာသာစကားတစ်ခုတတ်ထားရင်ရပါပြီ။
𝟏. 𝐘𝐊𝐈 (𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 𝐓𝐞𝐬𝐭)
ဒါကတော့ဖင်းဘာသာစကားနဲ့သင်တဲ့မည်သည့်ကျောင်းမျိုးမှမတက်ဖူးသူ၊ English languageကျောင်းများတက်ထားသူများ စသဖြင့်သူတွေဆိုရင်တော့YKI testဖြေပြီးမှ နိုင်ငံသားလျှောက်လို့ရပါမယ်။ အနည်းဆုံး Level 3 နှင့် အထက်ရရမှာဖြစ်ပါတယ်။
𝟐. 𝐁𝐚𝐬𝐢𝐜 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
ဒါကတော့အခြေခံပညာရေးနှင့်အလယ်တန်းပညာရေး အောင်လက်မှတ်မှာFinnish or Swedishဘာသာစကားအောင်ထားပြီးကြောင်းဖြစ်ရပါမယ် (ဒီနေရာမှာ Basic educationကိုမှ immigrantsတွေအတွက်Adult programနဲ့ တက်လို့ရတဲ့programတွေရှိပါတယ် ဒါတွေနဲ့လည်းအကျုံးဝင်ပါတယ်)။
𝟑. 𝐔𝐩𝐩𝐞𝐫 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐒𝐜𝐡𝐨𝐨𝐥
Finnish or Swedishဘာသာစကားနှင့်သင်တဲ့အထက်တန်းပညာရေးအောင်လက်မှတ်ရှိရင်လည်းနိုင်ငံသားလျှောက်လို့ ရပါပြီ (သေချာပေါက်Finnish or Swedish subjectမှာအရည်အချင်းမီအောင်တဲ့အမှတ်ရထားရမှာပါ)။
𝟒. 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥
အထက်တန်းနှင့်ညီတူညီမျှပါပဲ Finnish or Swedishဘာသာစကားနှင့်သင်တဲ့programတက်ပြီး အောင်လက်မှတ်နဲ့ လျှောက်လို့ရပါတယ်။
𝟓. 𝐇𝐢𝐠𝐡𝐞𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
University/UASကိုFinnish or Swedishနှင့်အောင်ပြီးကြောင်းလက်မှတ် သို့မဟုတ် University/UAS ကို Finnish or Swedishဘာသာစကားနှင့်ဝင်ခွင့်ဖြေခဲ့သောအထောက်အထားနဲ့ နိုင်ငံသားလျှောက်တဲ့အခါတင်ပြလျှောက်ထား နိုင်ပါတယ်။
𝟔. 𝐒𝐢𝐠𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 𝐓𝐞𝐬𝐭
Finnish or Swedishလက်သင်္ကေပြဘာသာစကားနှင့်လည်းနိုင်ငံသားလျှောက်ထားနိုင်ပါတယ်။
Suခုမျှဝေပေးသွားတာတွေကmigriကဖော်ပြထားတဲ့informationကိုဘာသာပြန် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ တိကျမှုလိုအပ်ချက် နှင့် လက်တွေ့အပြင်မှာကွာခြားချက်များရှိခဲ့သည်ရှိသော်commentမှာဝင်ရောက်ဖြည့်စွက်ပေးသွားလို့ရပါတယ်ရှင့် 🍀🍀🍀
ကိုယ်တိုင်လည်းအသေးစိတ်လေ့လာနိုင်ပါတယ်
Link:
https://migri.fi/en/language-skills
Link:
https://migri.fi/en/language-skill
written by Khine Su, Wai (Curious about Finland)
COMMENTS