လာမဲ့နိုဝင်ဘာလမှစပီး Resident Permit အတွက် တလဝင်ငွေလိုအပ်ချက်ကိုမြှင့်တင်တော့မှာဖြစ်ကြောင်းသိရပါတယ်။ ယခုဥပဒေပြင်ဆင်သတ်မှတ်ချက်အသစ်သည် 2024 ခုနစ် နိုဝင်ဘာလ 1 ရက်နေ့ မှစပီး အသက်ဝင်မယ်လို့သိရှိရပါတယ်။
အကြောင်းပြချက်ကတော့ ယခင်သတ်မှတ်ထားတဲ့ ဝင်ငွေလိုအပ်ချက်ဟာ ယခုလူနေမှုစရိတ်ကိုမကာမိဘူးလို့ယူဆလို့ပြောင်းလဲရတာဖြစ်တယ်လို့ပြောထားတာကိုတွေ့ရပါတယ်။ ပြီးတော့ ခုလိုဝင်ငွေသတ်မှတ်ချက်ကို နှစ်စဉ်နှစ်တိုင်းပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
နောက်ပီးအခုလိုပြောင်းလဲလိုက်တာဟာ ဖင်လန်လူမှုဖူလုံရေးအဖွဲ့အစည်း (Kela) မှ 2023 ခုနစ် ပျမ်းမျှအသုံးစရိတ်နှင့် ဝင်ငွေဆိုင်ရာ စာရင်းဇယားများကိုအခြေခံပီး ပြုလုပ်ထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။
ကျောင်းသားတွေအတွက် တလကို €800 သတ်မှတ်လိုက်တဲ့အတွက် လာမဲ့ နိုဝင်ဘာလ ၁ရက်နေ့ နောက်ပိုင်းလျှောက်တဲ့သူတွေ တနှစ်ကို €9600 show money ပြရတော့မှာဖြစ်ပါတယ်။
ပြောင်းလဲလိုက်တဲ့ rule အသစ်အရ Finland Resident Permit လျှောက်ဖို့ ကျောင်းသားတစ်ဦး၊ မိသားစု အလိုက် စသဖြင့် Show Money ဘယ်လောက်လိုအပ်မယ်ဆိုတာကို သေချာတွက်ပြပေးပါလို့မေးလာကြတဲ့အတွက် အသေးစိတ် တွက်ပြထားတာဖြစ်ပါတယ်။
ကျောင်းသားတစ်ဦးတနှစ်စာပြရန် - €800/month = €9600/year ဖြစ်ပါတယ်။
ခင်ပွန်း သို့မဟုတ် ဇနီး တပါတည်းခေါ်မည်ဆိုပါက - €610/month = €7320 ဖြစ်ပါတယ်။
ဒါကြောင့် လင်မယားနှစ်ယောက် အတူလျှောက်မယ်ဆိုပါက တနှစ်စာ € 16920 show money ပြဖို့လိုအပ်မှာဖြစ်ပါတယ်။
တကယ်လို့ ကလေးရှိလို့ ကလေးပါအတူလျှောက်မယ်ဆိုရင် ကလေးတဦးအတွက် €610/month နဲ့တွက်ရမှာဖြစ်ပီးတော့ တနှစ်စာ €7320 ဖြစ်ပါတယ်။
ဒါဆိုရင် မိသားစုသုံးယောက်အတူလျှောက်မယ်ဆိုပါက တနှစ်စာ show money က €24240 ဖြစ်ပါတယ်။
တကယ်လို့ကလေးနှစ်ယောက်ဆိုပါက ဒုတိယ ကလေးအတွက် €480/month နဲ့တွက်ရမှာဖြစ်ပီးတော့ တနှစ်စာ €5760 ဖြစ်ပါတယ်။
ဒါဆိုရင် မိသားစုလေးယောက်အတူလျှောက်မယ်ဆိုပါက တနှစ်စာ show money က €30000 ဖြစ်ပါတယ်။
စာရင်းချုပ်ရရင်
- ကျောင်းသားတဦး €9600/year
- ခင်ပွန်း သို့မဟုတ် ဇနီး €7320/year
- ပထမကလေး €7320/year
- ဒုတိယကလေး €5760/year
- တတိယကလေး €4320/year
- စတုတ္ထကလေး €4320/year
အားလုံးအဆင်ပြေကြပါစေ။
written by 𝐘𝐨𝐮𝐫 𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 𝐠𝐮𝐢𝐝𝐞 𝐭𝐨 𝐅𝐢𝐧𝐥𝐚𝐧𝐝
https://www.facebook.com/share/p/bAjwWm6Nu7AaYsL8/
COMMENTS