ဖင်လန်ကို လာချင်တယ် ဆိုရင် အနီးစပ်ဆုံး လမ်းကြောင်း ၂ ခု

၁) မြန်မာငွေ သိန်း  ၅၀၀ ဝန်းကျင် သုံးပြီး အေးဂျင့်ကနေ တဆင့် လာလို့ ရမယ့် လမ်းကြောင်းရယ် 

၂) မိမိကိုယ်တိုင် ကြိုးစား အားထုတ်ပြီး လာလို့ ရမယ့် လမ်းကြောင်းရယ် ဆိုပြီး ရှိပါတယ်။

လမ်းကြောင်း၂ခုလုံးမှာ ဖင်လန် ဘာသာစကား ကြိုးစား အားထုတ် လေ့လာမှု တော့ ရှိ ရပါမယ်။

လေ့လာစရာ Youtube Channels တွေ အနေနဲ့ 

  • (a) Min Min Sharing , 
  • (b) Finnish with Anna, 
  • (c) Finnish pod 101 တို့ကို ရှာပြီး လေ့လာပါ။

စတင်လေ့လာခါစ ခက်ခဲနိုင်ပါတယ်။ ကျော်ဖြတ်ဖို့အတွက် နည်းလမ်းကောင်းက ဆရာ တစ်ယောက်နဲ့ စာ စ သင်ရင်း ကိုယ်တိုင်လဲ ကြိုးစား အားထုတ် လေ့လာပါ။

ဖင်လန်စာ သင်ပေးတဲ့ ဆရာ တစ်ယောက်နဲ့ အခြေခံ အသံထွက်တွေကို သင်ယူပါ။

ဖင်လန်စာမှာ

  • မူလတန်းအဆင့် A 0 - A 1.1 - A 1.2 - A1.3 - A 2.1 - A 2.2
  • အခြေခံ အဆင့် B 1.1 , B 1.2  , B 2.1 , B 2.2 နဲ့
  • အဆင့်မြင့် C 1 , C 2 ဆိုပြီး အဆင့်တွေ ရှိပါတယ်။

B 1.1 Level ဟာ တစ်ယောက် နဲ့ တစ်ယောက် အပြန် အလှန် ဆက်သွယ် ပြောဆို နိုင်တဲ့ အဆင့်ဖြစ်ပြီး စိတ်ဝင်တစား အချိန်ပေး လေ့လာ သင်ယူ ကျက်မှတ် မယ်ဆို ၈ လ - ၁၀ လ အတွင်းမှာ ရောက်ရှိနိုင်ပြီး ကိုယ်တိုင် ကျောင်းစ လျှောက်လို့ ရပါပြီ။

ကျောင်းတွေက များသောအားဖြင့် Feb to March လထဲ မှာ ခေါ်ပြီး April - May မှာ Interview ဖြေရပါတယ်။ (စဉ်ဆက်မပြတ် လတိုင်းလိုလို ခေါ်နေတဲ့ ကျောင်းတချို့တော့ ရှိပါတယ်)

ကျောင်းလျှောက်မယ်ဆို မိမိ ဝါသနာ နဲ့ ကိုက်ညီတဲ့ ကျောင်းကို ရှာမလား။ ကျောင်းခေါ်လွယ် အလုပ်လွယ် တဲ့ ဘာသာရပ်ကို ရှာမလား ဆိုတာကတော့ မိမိရဲ့ ရွေးချယ်မှုပါ။

မြန်မာတွေ လျှောက်တာများတဲ့ ဘာသာရပ်တွေကတော့ Nursing , Cleaning နဲ့ Cooking  ပိုင်းကျောင်းတွေပါ။

English လို သင်တဲ့ အခပေးကျောင်း / အခမဲ့ ကျောင်းတွေလည်း ရှိသလို Finn လို သင်တဲ့ အခပေးကျောင်း / အခမဲ့ ကျောင်းတွေလည်း ရှိပါတယ်။ လျှောက်ဖို့ link ကတော့ 

https://opintopolku.fi/konfo/fi/

ဖြစ်ပြီး ဝင်လေ့လာကြပါဗျာ။

Finn လို မဖတ်ဘဲ  English လို ပြောင်းပြီး ဖတ်လို့ ရပါတယ်။

အဲ့မှာ filter ရှိပါတယ်။ ရွေးချယ်ရမှာက

  • - Vocational School လား
  • - High School လား

  1. - သင်မယ့် ဘာသာစကား Eng/ Finn/ Swedin မှာ ကိုယ်သင်လိုတဲ့ ဘာသာစကား
  2. - ကျောင်းလခ Fee ပေးတက်မှာလား / Free တက်ချင်တာလား
  3. - ဘယ်ဘာသာရပ်လဲ IT / Agri / Health and welfare / Engineering စသည်ဖြင့်

ကိုယ်လိုချင်တာလေးတွေ အမှန်ခြစ်ပြီး ရှာကြည့်လိုက်ပါ။ လျှောက်လို့ ရမယ့် ကျောင်းတွေ အများကြီး တွေ့လာပါလိမ့်မယ်။ မပျင်းမရိ ဝင်ဖတ်ပါ။ ကျောင်းတိုင်းလိုလို ခေါ်တဲ့ ဘာသာရပ်တွေ အများကြီး ရှိပါတယ်။ Nursing မှ Cleaning မှ မဟုတ်ပါဘူး။ တခြားသော ဘာသာရပ်တွေလဲ လျှောက်လို့ ရပါတယ်။ 

အဲ့မှာ တခုရှိတာက တချို့သောကျောင်းတွေက ဖင်လန် ဘာသာစကား လိုအပ်ချက် ဖြစ်တဲ့ B1 Certificate တောင်းဆိုပါလိမ့်မယ်။

အဲ့ဒီ Certificate ကတော့ Agency တွေနဲ့ ချိတ်ဆက်ပြီး ဖင်လန်ဘာသာစကားသင်ထားသူတွေသာ ရရှိပါလိမ့်မယ်။

စိတ်ဓါတ်မကျပါနဲ့ မသိချင်ယောင်ဆောင်ပြီး လျှောက်ပါ။ မေးလာရင် ငါ့မှာ self study လုပ်နေတာ ဘယ်နှစ်လ ရှိနေပါပြီ။ ငါက မင်းတို့ရဲ့ ဘာသာစကားကို သေသေချာချာ ပြောနိုင်နေပါပြီဆိုပြီး အကြောင်းပြန်ကြည့်ပါ။ ကံကောင်းလို့ အင်တာဗျူး ခေါ်ခဲ့ရင် ကိုယ့်စကားအပြောအဆိုကို သဘောကျ သွားတာနဲ့ B1 Certificate အကြောင်း မမေးတော့ပါဘူး။

တချို့ကျောင်းတွေကတော့ Agent နဲ့ ချိတ်ဆက်ထားခြင်း မရှိတော့ B1 Certificate မတောင်းဘဲ Interview date ပေးပါတယ်။

ဒီနေရာမှာ ပိုက်ဆံ အကုန်ခံ နိုင်ရင် Agent တွေကနေ တဆင့် သက်သက်သာသာသွားပါ။

ငွေ အကုန်မခံနိုင်ရင် ကိုယ်အား ဉာဏ်အား စိုက်ထုတ်ပြီး ဇွဲမလျှော့ဘဲ တွေ့သမျှ ကျောင်းတွေ လျှောက်ပါလို့ အကြံပေးချင်ပါတယ်။

ကျောင်းမလျှောက်ခင် ကြိုတင် ပြင်ဆင်ထားရမှာက

#အထက်တန်းဆို

  1. -  သက်တမ်းရှိ Passport 
  2. - မှတ်ပုံတင် Notary 
  3. - မွေးစာရင်း Notary 
  4. - မြန်မာနိုင်ငံ အလယ်တန်း အဆင့် အောင်ပြီးကြောင်း (CPR ) Notary 
  5. - တကယ်လို့ အစိုးရကျောင်းမဟုတ်ခဲ့ရင်လည်း သက်ဆိုင်ရာ ကျောင်းရဲ့ အောင်လက်မှတ် (English  လိုဆို Notary ပြန်စရာ မလိုပါ)
  6. - တခြားသော Certificate တွေရှိခဲ့ရင်လည်း မျိုးတူ စုပြီး pdf ဖိုင်လေးတွေ စီစဉ်ထားပါ။

#Vocational School ဆို

  1. - သက်တမ်းရှိ Passport
  2. - NRC notary 
  3. - အိမ်ထောင်စုဇယား notary 
  4. - Diploma or Bachelor Certificate
  5. - Work Experience Certificate (ရှိခဲ့လျှင်) ကြိုတင် ပြင်ဆင်ထားကြပါ။

English လို သင်တဲ့ Vocational School လျှောက် မယ်ဆိုရင်တော့ Duolingo အမှတ် (85) မှတ် အထက်ရအောင် ပြင်ဆင် ဖြေဆိုထားကြပါ။

#Vocational School ကိုယ်လျှောက်လိုက်တဲ့ ကျောင်းနဲ့ Bank Statements / airport show money ဆက်စပ်နေပုံ ပြောပြပါ့မယ်။

ကျောင်းလျှောက်ရင် ကျောင်းတွေက ကျောင်းလခ မပေးရဘဲ။ ၁ နှစ်  / ၂ နှစ် / ၂ နှစ် ၆ လ/ ၃ နှစ် စသဖြင့် ကျောင်းတက်နှစ် ကြာချိန် ရှိသလို

  • အဆောင်ပေး / ထမင်း ၃ နပ်
  • အဆောင်ပေး / နေ့လယ်စာ
  • အဆောင်မပေး / နေ့လယ်စာ
  • အဆောင်မပေး / မကျွေး 

ဆိုပြီး များသောအားဖြင့် ရှိကြပါတယ်။

အတိအကျ သိချင်ရင် ကိုယ်လျှောက်မယ့် ကျောင်းရဲ့ webpage မှာ English လို Translation လုပ်ပြီး လိုက်ရှာဖတ်ကြည့်ပါ။

အဆောင်ပေးမယ် 

  • - ၃ နပ်ကျွေးမယ်ဆို ကျန် ကုန်ကျစရိတ် တလ - ၂၅၀ ( ကုန်တာတော့ မကုန်ပါဘူး နည်းနည်း ပိုတွက်ထားတာပါ)
  • တနှစ် - ၃၀၀၀
  • ကျောင်းတက်ရမယ့် သက်တမ်း နဲ့ မြှောက်
  • ယူရို - မြန်မာငွေကို ဗဟိုဘဏ် အစိုးရပေါက်ဈေးနဲ့ မြှောက်ပါ။ ရတယ့် amount ထက် နည်းနည်း ပိုပိုသာသာ ဘဏ်ထဲ ထည့်လိုက်ပြီး Statement ထုတ်ရပါမယ်။
  • အဆောင်မပေး / နေ့လယ်းစာကျွေး၊ အဆောင်မပေး / မကျွေး ဆိုရင်တော့တနှစ် - ၇၀၀၀ နှုန်းနဲ့ တွက်ပါ။
  • Airport show money က  ၇၀၀၀ အနည်းဆုံး ယူခဲ့ဖို့ လိုပါမယ်။

ဒီမှာ ရောက်ရောက်ချင်း ဝင်ငွေ မရနိုင်တဲ့အတွက် အနည်းဆုံး ၆ လ - ၁ နှစ်စာ နေ/စား စရိတ်လေး ယူဆောင်လာသင့်ပါတယ်။

ကျောင်းသားဟာ ကျောင်းတက်ခွင့် Visa လျှောက်ချိန်မှာ

ဇနီး / အမျိုးသား၊အိမ်ထောင်စုဝင် ၁၈ နှစ်အောက် သား/သမီး များအတွက် visa အတူ တင်လို့ရပြီး အတူတူ ခေါ်လာလို့ ရပါတယ်။ ခေါ်လာမယ် ဆိုရင်တော့ လူဦးရည် အလိုက် bank statement နဲ့ show money တိုးပြီး ပြသဖို့ လိုပါလိမ့်မယ်။

ကျောင်းလျှောက်တဲ့ အထိကတော့

  • စာရွက်စာတမ်း Notary ပြန်ခဘဲ ကုန်ပါဦးမယ်။
  • ကျောင်းက လက်ခံ လိုက်ပြီဆိုတာနဲ့ Visa တင်ပြီး ဘန်ကောက်မှာရှိတဲ့ ဖင်းသံရုံး appointment date ရရင် လူကိုယ်တိုင် သွားရပါမယ်။
  • အဲ့မှာ ဘန်ကောက် သွား/ပြန် စားရိတ်။
  •  Visa ကြေး (migri.fi) မှာ အသေးစိတ်ကြည့်ပါ။
  • ကျောင်းသားဆို - €370 ( Visa လျှောက်ကတည်းက Online ကနေ ကြိုပေးထားလို့ ရသလို သံရုံးရောက်မှ visa card နဲ့ ပေးချေလို့ရ - ငွေသားပေးလို့ မရပါ)။ 
  • Swiss care insurance fee တနှစ်စာ - (197€- 219€-312€) ကြိုက်တာဝယ်လို့ရ (Visa လျှောက်ကတည်းက Online က ကြိုဝယ်ရပါမယ်)။
  • Legalize stamp ထုခ (30€ to 60 €) - သံရုံးမှာ ကတ်နဲ့ဘဲ ပေးသွင်းရပါမယ်။

ဒါက သံရုံး Visa အဝင် ထိ ကုန်ကျငွေပါ။

Visa ရပြီ ဆိုရင်တော့ 

  • ဘန်ကောက်အသွား တကြောင်းနဲ့ Bangkok to Helsinki 
  • Air ticket ခ - Finn တိုက်ရိုက်ဆို US $ 800 - 1000 Transit စီးမယ်ဆို ပင်ပမ်းခံနိုင်ရင် ခံနိုင်သလို၊ US$ 500 ဝန်းကျင်က စ ရှိပါတယ်။ ဥရောပ Transit စီးတတ်ရင်တော့ ဖင်း airport မှာ အစစ်အဆေး အမေးအမြန်းမရှိ ဝင်လာရုံပါဘဲ။ Airport မှာ ပြရသည် ဖြစ်စေ  မပြရသည်ဖြစ်စေ ဝင်ငွေ မရသေးခင် သုံးနိုင်ဖို့ အတွက်ကတော့ ယူရို ၇၀၀၀ အနည်းဆုံး ယူဆောင်လာသင့်ပါတယ်။

#Finland နိုင်ငံအတွင်း နေထိုင်စဉ်

တစ်လ ကုန်ကျနိုင်သော အသုံးစားရိတ်မှာ ပျမ်းမျှအားဖြင့်

  1. အခန်း + ရေ + မီး - ၂၅၀-၄၅၀
  2. ဖုန်း + အင်တာနက်ခ - ၂၀ - ၂၅
  3. ဆန် - ၂၀
  4. အသား / ငါး / အရွက် - ၅၀
  5. အထွေထွေ - ၃၀
  6. သွား/ လာ စားရိတ် - ၅၀

ပုံမှန် ကုန်ကျနိုင်ပါသည်။

  • - #Passport Type - PE မလိုပါ။ PJ သည် ရန်ကုန် airport ကနေ ထွက်ဖို့ OWIC ကတ်လို လိုအပ်ချက် ရှိသည့်အတွက် #PV Type ကိုင်ဆောင်ထားခြင်းသည် အသင့်တော်ဆုံး ဖြစ်ပါသည်။
  • - အဖေ အမေ မောင် အစ်ကို ညီမ အစ်မ များအား ကျောင်းသားနှင့်အတူ တပါတည်း ခေါ်ဆောင်၍ မရပါ။ နောင်အခါတွင် Visit Visa လျှောက်ပေးပြီးမှ ခေါ်နိုင်ပါသည်။
  • - ဇနီး / ခင်ပွန်း ၁၈ နှစ်အောက် သား/ သမီး များကို မိမိကျောင်းလက်ခံစာ ရသည်နှင့် အတူတူ Visa တွဲ လျှောက်ပေးပြီး အတူတူ ခေါ်ဆောင်လာလို့ ရပါသည်။
  • - လက်ထပ်စာချုပ် notary ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ mofa တုံး ထပ်ထုထားဖို့လိုပါတယ်။
  • - သား/ သမီး အတွက်က မိမိအမည်ပါသော မွေးစာရင်း မူရင်း +notary+mofa လိုပါတယ်။

#Finland ကို မိသားစု လာတဲ့ အခါမှာ အတူပါလာတဲ့ မှီခို ဖြစ်သူ (လင် / မယား)ကို DVV မှာ လိပ်စာဖြည့်ပြီးတာနဲ့ DVV ရုံးမှာဘဲ ရှိတဲ့ TE Office (အလုပ်သမားများအတွက် အလုပ်ရှာဖွေ ချိတ်ဆက်ပေးသောရုံး) မှာ ပတ်စပို့ မူရင်း + Resident ကတ်ယူသွားပြီး သူတို့ရုံးမှာရှိတဲ့ Laptop ထဲက form မှာ

  • ကိုယ့် ပညာအရည်အချင်း
  • အတွေ့အကြုံ
  • ဘာသာစကား စတာတွေကို ဖြည့်ပေးလိုက်ရင်
  • အလုပ်အတွက် သူတို့ အကြံပေးရှာဖွေပေးပါတယ်။ 

အချိန်တခုတော့ စောင့်ရပါမယ်။

အလုပ်မရသေးခင် ၆ လပိုင်းလောက်ရောက်ပြီး အပင်ပမ်းခံနိုင်၊ အလုပ်ဒဏ် ခံနိုင်ရင် အသီးခူး အလုပ်က June လ ကုန်ခါနီးလောက်ကနေ July - August- September ထိ လုပ်လို့ရပါတယ်။

တချို့ အလုပ်က Bank card နဲ့ Tax ID လိုတဲ့အတွက် ရောက်ရောက်ချင်း အဲ့ဒါတွေ လုပ်ထားဖို့ လိုပါတယ်။ Bank card က 2 to 3 weeks စောင့်ရပါတယ်။

#ချစ်ခြင်းအားဖြင့်

Written by Htoo Sann

https://www.facebook.com/share/p/GPxdfaz2Y5oRafS2/

 

COMMENTS

Name

age,1,𝐀𝐥𝐜𝐨𝐡𝐨𝐥,1,apply,5,card,3,citizenship,1,cost,2,Driving,1,Driving License,1,education,6,English,1,experience,10,find,2,Finland,2,Finland University,5,fraud,1,free,1,GED,1,high school,1,holiday,1,holidays,1,home,1,housing,1,ID,2,incentives,1,Information,6,interview,2,Kela,1,language,2,learn,1,License,1,life,7,month,1,months,1,Motivational,1,move,2,name,1,Passport,4,permits,1,prepare,4,qualification,2,rent,2,requirements,9,residence,3,residence permits,2,Riveria,1,salary,1,School,8,student,1,tax,1,taxes,1,test,2,UAS,1,Undergraduate,1,University,5,Video,10,Visa,2,Vocational,12,Vocational School,10,weaknesses,1,YKI,1,ကျောင်း,23,ကုန်ကျစရိတ်,4,ငှား,1,စစ်,1,စာ,2,စာအုပ်,1,တက္ကသိုလ်,4,တစေ့တစောင်း,6,နည်းလမ်း,11,နိုင်ငံ,1,နိုင်ငံသား,1,နေထိုင်ခွင့်,3,ပညာရေး,7,ပတ်စ်ပိုစ့်,2,ပြင်ဆင်,8,ပြောင်း,1,ပိတ်ရက်,1,ဖင်းစကား,2,ဖင်လန်စာ,4,ဖင်လန်စာအုပ်,1,ဖြေ,1,ဗီဒီယို,5,ဘဝ,8,မှတ်ပုံတင်,1,ရက်,1,ရုပ်သံ,9,လ,1,လက်မှတ်,2,လစာ,1,လမ်းကြောင်း,3,လျှောက်,10,လိမ်,1,လိုင်စင်,1,လိုအပ်ချက်များ,12,လုပ်,3,သက်တမ်း,1,သက်မွေး,6,သင်,1,သံရုံး,1,သိကောင်းစရာ,14,အခွန်,1,အင်တာဗျူး,2,အင်္ဂလိပ်,2,အတွေ့အကြုံ,12,အမည်,1,အသက်,1,အားနည်းချက်,1,အားလပ်ရက်,1,အိမ်,2,အိမ်ငှား,2,
ltr
item
Towards Finland ဖင်လန်ကို လာမယ်ဆို သိဖို့ ...: ဖင်လန်ကို လာချင်တယ် ဆိုရင် အနီးစပ်ဆုံး လမ်းကြောင်း ၂ ခု
ဖင်လန်ကို လာချင်တယ် ဆိုရင် အနီးစပ်ဆုံး လမ်းကြောင်း ၂ ခု
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh__-ELVgjq5pQcv6GDi2N-RFEC10Izd43WS0DYbIczvkwO_Ip06gKFcpq4WsCFFm5Jv3gsKWg_etLYNpfay2g1t6esu5mwc8OgGeMJELCnMbCXpBIxvkt6qIv-WNfQo7HC0TQr23SyXHmrxJSEinAtoKDN9Iz71RLCaFNY0kKSAtm2qwMT4aimNy_5H-Kc/s320/Designer%20(1).jpeg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh__-ELVgjq5pQcv6GDi2N-RFEC10Izd43WS0DYbIczvkwO_Ip06gKFcpq4WsCFFm5Jv3gsKWg_etLYNpfay2g1t6esu5mwc8OgGeMJELCnMbCXpBIxvkt6qIv-WNfQo7HC0TQr23SyXHmrxJSEinAtoKDN9Iz71RLCaFNY0kKSAtm2qwMT4aimNy_5H-Kc/s72-c/Designer%20(1).jpeg
Towards Finland ဖင်လန်ကို လာမယ်ဆို သိဖို့ ...
https://www.finlands.life/2024/09/If%20you%20want%20to%20come%20to%20Finland%20there%20are%20two%20closest%20routes..html
https://www.finlands.life/
https://www.finlands.life/
https://www.finlands.life/2024/09/If%20you%20want%20to%20come%20to%20Finland%20there%20are%20two%20closest%20routes..html
true
7342736356779731496
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content