ဒီနေ့ပြောပြမယ့်အကြောင်းကတော့Finlandမှာအလုပ်လုပ်တဲ့အခါရတဲ့လစာနဲ့အခွန်အကြောင်းပါ
(အစထဲကတော်တော်ရှုပ်တဲ့topicမလို့အတတ်နိုင်ဆုံးလိုရင်းကိုပဲပြောပါမယ်နော်)
ကျမတို့မြန်မာနိုင်ငံကကျတော့taxတွေsocial security တွေတိတိပပကောက်တဲ့နိုင်ငံမဟုတ်လို့နိုင်ငံခြားမှာအလုပ်စလုပ်မှဒါတွေနဲ့စကြုံရပါတယ်
အလုပ်လျှောက်တယ် အလုပ်ရတယ် ပေးတဲ့လစာက (for example €1000)ဆိုရင် gross လား netလားသိရပါမယ် Gross salaryကဘာဖိုးမှမဖြတ်ခင်amount ဖြစ်ပြီး netကတော့ taxတွေဖြတ်ပြီးနောက်ဆုံးကျန်တဲ့လခဖြစ်ပါတယ် အဲ့ဒါကြောင့်မလို့ Gross salaryကိုအရင်ကြည့်ပြီးဟာမိုက်တယ်မဖြစ်သွားကြပါနဲ့ 🙂↕️
ကျမကတော့Finlandအကြောင်းအဓိကပြောမှာဖြစ်ပေမယ့်ကျန်တဲ့EUနိုင်ငံတွေလည်းပုံစံခပ်ဆင်ဆင်ပါပဲ
Gross salary ထဲဘာတွေဖြတ်လဲဆိုတော့ government taxအပါအဝင် social security လို့ခေါ်တဲ့ပင်စင်ကြေး ၊ insurance ၊ အလုပ်မရှိတဲ့အခါထောက်ပံ့ဖို့ unemployment insurance ကြေးစသည်စသည်တွေပါပါတယ်
Finlandက fixed tax rateမဟုတ် progressive taxနိုင်ငံဖြစ်လို့လခများလေအခွန်ဆောင်ရများလေပါ။ တနှစ်ဝင်ငွေ €10,000နဲ့အောက်ကတော့အခွန်ဆောင်စရာမလိုပါဘူး
Tax နဲ့ social security ဖြတ်နှုန်းကကိုယ်နေတဲ့မြို့(municipalities)ပေါ်လည်းမူတည်ပါတယ်. Catholic religion ဆိုရင် church tax ပါပေးရတတ်တယ်
ပြီးတော့ Finlandက individual tax ပါ Germany လို household collective income tax မဟုတ်ပါဘူး ဆိုလိုချင်တာmarried coupleဖြစ်လို့လည်းအခွန်မလျော့ပါဘူး တယောက်ချင်းစီဆောင်ရတာပါ
အဲ့တော့ Finlandလို progressive tax နိုင်ငံမျိုးက လစာအရမ်းများများရရင်မတန်ပါဘူး net salary မှာနည်းသွားမှာပါ ဥပမာအရမ်းမများတဲ့amountတလ €3000ကျော်လောက်ရရင် 30%လောက် (ပိုများချင်များနိုင်)ဖြတ်ခံရတာမလို့ netက €2000ကျော်လောက်ပဲကျန်ပါလိမ့်မယ်။
€1000-2000 ကြားရတဲ့လူကတော့ tax rateသိပ်မများလို့ pay slipရရင် ဖြတ်ခံရတဲ့ပိုက်ဆံကိုကြည့်ပြီးသိပ်သွေးမတက်ရဘူးပေါ့ 😆
တချို့အိမ်တွေမှာကိုယ့်အိမ်ထောင်ဖက်ရဲ့gross salary ကကိုယ့် gross salary ထက်ပိုနည်းတယ် ဒါပေမဲ့ net salary မှာမတိမ်းမယိမ်းဖြစ်နေတတ်ပါတယ် မတရားဘူးလို့ခံစားရတယ်မလား စိတ်မပူပါနဲ့ အဲ့လိုခံစားရတာသင်တယောက်တည်းမဟုတ်ပါဘူး🫣 တချို့ဖင်းတွေဆိုရာထူးတိုးရင်လခများမှာစိုးလို့ရာထူးတိုးဖို့ကိုပတ်ပြေးနေတဲ့သူတွေလည်းရှိပါတယ် ရာထူးတိုးရင်တာဝန်ပိုများလာတာပဲရှိပြီးလခကအဖြတ်ခံရတာနဲ့ဘာမှမထူးလို့ပါတဲ့
အဲ့tax နဲ့ social security တွေကတော့လူတော်တော်များများကြားဖူးကြတဲ့ Finlandရဲ့ free education ၊ nursing home တွေနဲ့တခြားတခြားမှာပြန်အသုံးပြုပါတယ် အဲ့ဒါကြောင့်လောကကြီးမှာအလကားရတာဘာမှမရှိပါဘူးလို့ပြောတာပါ
တခြားတခြားထဲမှာ asylum သမားတွေကိုထောက်ပံ့ကြေးပြန်ပေးတာလည်းပါပါတယ် တချို့Aသမား(အများစုဆိုမာလီလိုမျိုး)ကစရောက်တဲ့အချိန်ကစပြီးနောက်ဆုံးPRရသွားတဲ့အချိန်မှာတောင်အလုပ်လုပ်ခွင့်အပြည့်ရှိလျက်နဲ့မလုပ်ဘဲထောက်ပံ့ကြေးနဲ့ထိုင်စားတာများကြလို့ native finnတွေကအဲ့ဒါလုံးဝမကြိုက်ပါဘူး သူတို့ကြိုးစားပမ်းစားလုပ်ပြီးဖြတ်ခံရတဲ့အခွန်တွေကဒီလူတွေထိုင်စားဖို့မဟုတ်ဘူးဆိုပြီးနောက်ပိုင်းတောင်းဆိုလာကြတော့ခုအစိုးရသစ်မှာထောက်ပံ့ကြေးတွေတော့လျော့သွားတယ် ဒါတခြား EUနိုင်ငံတွေမှာလည်းအတွေ့ရစိတ်လာတယ် နောက်ပိုင်းright wing partyတွေအာဏာရလာပြီး anti immigration policy တွေပိုတင်းကြပ်လာတာမျိုး Eg The Netherlands, Germany, Poland, (ဒါနောက် topicရောက်သွားပြီ)
ပြန်ဆက်ရရင် Finlandကဝင်ငွေများလေမတန်လေပါ incomeတခုထက်ပိုရှိရင်ဘယ်ကနေဘယ်လိုဖြတ်ရင်ကောင်းမလဲကြည့်နေတာမျိူး 👀 အဲ့ဒါကြောင့်Finlandမှာနေတာ၁၀နှစ်နီးပါးရှိတဲ့အသိအကိုကပြောတာ ပိုက်ဆံမရှိတဲ့ပုံပေါက်အောင်နေတဲ့🤣🤣 finland ကသူ့ရဲ့functionality နဲ့ facility တွေကြောင့်တော့ကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးတော့နေရတယ် lower middle classလောက်ဆိုရင်ကိုမဆိုးဘူးပြောရမယ် ဒါပေမဲ့ USလိုတော့ပိုက်ဆံရှာလို့ကောင်းပြီးသူဌေးဖြစ်လွယ်တဲ့နိုင်ငံတော့မဟုတ်ဘူး။ US ကအခွန်ဆောင်ရတယ်ဆိုတာလောက်တော့ဥရောပနိုင်ငံတွေကသနားတယ်တဲ့😁😁 Nordic နိုင်ငံတွေဆိုမိုးထိုးနေရော Denmark အများဆုံးဖြစ်မယ်ထင်တယ် ဘဝရည်မှန်းချက်ကြီးကြီးမားမားရှိတဲ့လူငယ်တွေအတွက်ကတော့ဒီလိုမျိုးကျသိပ်မတန်ဘူး သူဌေးဖြစ်ဖို့ခက်တယ်
တချို့စီးပွားရေးသမားတွေကတော့ taxနည်းတဲ့နိုင်ငံမှာcompany ထောင်လိုက်ပြီးတကိုယ်စာလခကိုအနည်းဆုံး wageပဲယူတယ် taxသိပ်မဆောင်ရအောင် ပြီးမှcompany ရဲ့ profit ကိုကြားခံတခု (Dividend) နဲ့ cash outပြန်လုပ်ကြတယ် ဒါကနည်းတခု။
Taxများလို့taxမဆောင်ရအောင် cashနဲ့လုပ်ဖို့ကြံနေရင်ခုပဲမေ့လိုက်ပါမရပါဘူး Finlandကအဲ့ဒါနဲ့ပတ်သက်ပြီးအရမ်းတင်းကြပ်တဲ့နိုင်ငံမလို့ပါ မိသွားရင်အလုပ်ရှင်ကနင့်နေအောင်လျော်ရတာမလို့ဘယ်အလုပ်ရှင်မှမစွန့်စားပါဘူးနော်
တနှစ်လုံးလုံးအခွန်ဆောင်လာပြီးလို့ veroကစာရင်းချုပ်တဲ့အခါပိုဆောင်ထားရင် tax refund ပြန်ရပါတယ်👏🏻👏🏻 လိုရင်တော့ပေးပေါ့ 🙂↔️
ကံကောင်းတာကအဲ့ဒီစာရင်းတွေကကိုယ်မလုပ်ရပါဘူး (တော်သေးတာပေါ့ သင်္ချာလို့အသံကြားတာနဲ့မူးလဲချင်နေတာ) အလုပ်ရှင်ဖက်ကခန့်ထားတဲ့ accountantကလုပ်တာပါ ကိုယ့်ဖက်ကအလုပ်စဝင်ရင် vero က tax card IDပေးရုံပါပဲ pay slip ရမှဘယ်လေက်ဖြတ်လဲပြန်ကြည့်ပေါ့
Self employed ဆိုရင်တော့သဘောပါကိုယ်တိုင်တွက်ပြီးပေးလည်းရပါတယ် accountant ငှားရင်တော့တလ€200 ဝန်းကျင်လောက်ပေးရတယ်
ဒီလောက်ဆိုရင်တော့အကြမ်းဖျဉ်း မှန်းဆလို့ရလောက်ပြီထင်တယ် စာအရမ်းမရှည်ဘူးထင်တာပဲ taxအကြောင်းတွေကဇယားရှုပ်တော့အရှည်ကြီးလည်းမရေးချင်ဘူး ဖတ်ရင်လည်းပျင်းဖို့ကောင်းတယ်
ခေါင်းမရှုပ်ရအောင်ဂဏန်းတွေအတတ်နိုင်ဆုံးမပါအောင်ရေးထားပါတယ် မရဘူးခေါင်းရှုပ်ခံချင်တယ်ဆိုရင်တော့ Vero website ကိုယ့်ဖာသာကိုယ်ဝင်ဖတ်လို့ရပါတယ်နော်🔍📚😁
Thanks for reading ♡︎
Please like & follow if you find my content interesting 🙌🏼
COMMENTS